Тёмный

မိုးမိတ်မြို့သိမ်းတိုက်ပွဲ လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိ... သံတွဲကမ်းခြေမှာ AA က စစ်ရှိန်မြှင့်... 

Htet Aung Kyaw
Подписаться 86 тыс.
Просмотров 14 тыс.
50% 1

မိုးမိတ်မြို့သိမ်းတိုက်ပွဲကနေ လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိ... သံတွဲကမ်းခြေမှာ AA က စစ်ရှိန်မြှင့်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၂- ၈- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအဖြစ် မိုးမိတ်မြို့ကို ဇူလိုင် ၃၁ ရက်၊ နေလယ်တနာရီခန့်မှာ အပြီးသိမ်းပိုက်လိုက်ပြီး လေယာဉ်ပစ် လက်နက်အပါဝင် လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိတယ်လို့ PSLF/TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့နယ်ရှိ စကခ-၂၁ လက်အောက်ခံ၊ ခမရ-၃၄၈၊ ခလရ ၂၂၃ နဲ့ ၂၇၆၊ အခြေချ ဗျုဟာ တခုလုံးကို ဇွန် ၂၇ မှာစတင်တိုက်ခိုက်ပြီး တလအကြာ ဇူလိုင် ၃၁ မှာ သိမ်းမိတာ ဖြစ်ပါတယ်။ ဗျုဟာကုန်းကို မသိမ်းခင်မှာတော့ ကင်းချောင်း၊ ရွှေသာယာ၊ လက်ခုပ်ပင်၊ မိုင်တိုင်(၆)တပ်စခန်းအပါဝင် ရဲစခန်းနဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို အရင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဖက်က Jet Fighter ၊ Y12၊ ရဟတ်ယာဉ်အပါဝင် လေကြောင်းပစ်ကူအဆက်မပြတ်လုပ်နေတဲ့ကြားက အခုလို မိုးမိတ်မြို့ကို သိမ်းနိုင်ခဲ့တာလို့ဆိုပါတယ်။
သိမ်းမိလက်နက်တွေထဲမှာတော့ လေယာဉ်ပစ်လက်နက်၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ၊ RPG အပါဝင် လက်နက်မျိုးစုံ ၄၀၀ ကျော်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွဖေါ်ပြထားပါတယ်။ မိုးမိတ်တိုက်ပွဲမှာ TNLA နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ PLA- ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
မိုးမိတ်ဟာ ၁၀၂၇ ဒုတိယလှိုင်းအတွင်း TNLA နဲ့ မဟာမိတ်တွေသိမ်းပိုက်တဲ့ တတိယမြောက်မြို့ဖြစ်ပြီး အခြား ၂ မြို့ကတော့ နောင်ချိုနဲ့ မိုးကုတ်ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးကတော့ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားပြီး MNDAA နဲ့ မဟာမိတ်တွေကတော့ လားရှိုးမြို့ကို အပြီးသတ်သိမ်းနိုင်ရေး ဆောင်ရွက်နေတာ တွေ့ရပါတယ်။
မိုးမိတ်မြို့သိမ်း တော်လှန်ရေးတပ်တွေကို ဒေသခံလူထုက ကြိုဆိုနေတဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေတာလည်း တွေ့ရပါတယ်။
ဒါ့အပြင်...
- လားရှိုး ရမခ ဌာနချုပ် ဝန်းကျင်မှာတော့ တိုက်ပွဲပြင်းထန်နေပေမယ့် လေယာဉ်ကွင်းအပါဝင် နေရာအတော်များများကို MNDAA- က သိမ်းထားနိုင်ပြီဟုဆို...
- မြစ်ကြီးနား - ဆွမ်ပရာဘွမ့် လမ်းပေါ်ရှိ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA- က ထိုးစစ်ဆင်...
- စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာမြိုနယ်၊ အောင်ချမ်းသာရွာက အပြစ်မဲ့အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ...
- ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၄ လက်သိမ်းမိ...
- သံတွဲ၊ ဂွနဲ့ ပင်လယ်ပြင်မှာ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကို အပြီးသတ်သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့တွက် သြဂုတ်လ ၁ ရက်နေ့ကစပြီး အရပ်သားလှေတွေ ဒီဒေသအတွင်း သွားလာမှုမလုပ်ကြဖို့ AA က အသိပေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

Опубликовано:

 

15 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 18   
@ayethazin-u9y
@ayethazin-u9y Месяц назад
ပြည်သူကဘယ်သူကိုယုံကြည်တယ်ဆိုတာကြိုဆိုတာကြည့်ရင်သိနိုင် တယ် ပြည်သူကိုကာကွယ်နေတာပါလို့နေဝင်းကစ မအလအဆုံးအော်နေတဲ့စစ်တပ် ရှက်တတ်ရင်လဲသေလို့ရနေပြီ
@makhinmarmyint-nr9iq
@makhinmarmyint-nr9iq Месяц назад
ကောင်းလိုက်တာ
@tarteee
@tarteee Месяц назад
စစ်​ခွေးအလှူ မြဲကြည်ဖြူ ဘောမလာသူ တိုရန်သူ
@djmonsmilepdf9168
@djmonsmilepdf9168 Месяц назад
မဂ်လာသတင်းတွေဗျို့
@myintsoe4260
@myintsoe4260 Месяц назад
❤❤❤
@user-zm3nn1jc4w
@user-zm3nn1jc4w Месяц назад
❤❤❤❤❤❤❤❤❤❤
@myathitsar9989
@myathitsar9989 Месяц назад
🎉🎉🎉🎉🎉🎉❤❤❤❤
@kozawtun671
@kozawtun671 Месяц назад
မအလစကစ အကြမ်းဖက် ကျဆုံးရမယ်။
@freemanmooremyanmar
@freemanmooremyanmar Месяц назад
ပြည်သူ့ကျိန်စာသင့် မအလတွေ ကျရှုံးပါစေ.... တော်လှန်ရေးအဖွဲ့မှန်သမျှ အနိုင်ရပါစေ...
@AyeThin-c9v
@AyeThin-c9v Месяц назад
မဂ်လာနံနက်ခင်းလေးပါ ကိုနေထူး BNN ရေ မျှဝေတာကျေးဇူးအများကြီးတင်ပါတယ် သတင်းတွေ ရှယ် 👏👏👍👍💕💕💕ပြည်သူကာကွယ်ရေးတိုင်းရင်းသားချစ်သောများအားလုံး ကျန်မာဘေးကင်းရန်ကွာကြပါစေအစစအရာရာအဆင်ပြေပါစေအထိအခိုက်မရှိအောင်ပွဲအလီလီဆွတ်ခူးနိုင်ကြပါစေ 🙏🙏🙏🤘🤘⭐⭐တရားတဲ့ သူသာ နိုင်ကြေးဟေ့💯💯💯♥♥♥🇨🇳🇨🇳🇨🇳
@JB007wx2iw8w
@JB007wx2iw8w Месяц назад
အားရစရာသတင်းတွေပါပဲ BNNရေ 👏👏👏
@ThawngThawng-h8e
@ThawngThawng-h8e Месяц назад
တော်လှန်ရေးအင်အားစုများကိုအထူးပဲကျေးဇူးတင်ရှိပါသည်။
@umgthein3334
@umgthein3334 Месяц назад
ကြားရတဲ့သတင်းနားဝမှာချိုလိုက်တာ မြန်မာပြည်ကြီးအာနာရှင်ကင်းကြပါစေ
@user-dl2rm3jp2r
@user-dl2rm3jp2r Месяц назад
ဘယ်တုန်းက သတင်းမှန်ဘူးလို့လား
@user-dh6cz6mo2m
@user-dh6cz6mo2m Месяц назад
မြဝတီနဲ့mrtv4 ကိုပြော်တလား။
@user-dl2rm3jp2r
@user-dl2rm3jp2r Месяц назад
အတိုအက်အခံဟာ ကွန်မြူနစ်လက်သည်းဝှက်ထားတာတွေ ဖြစ်နေသလား
@jtchen7532
@jtchen7532 Месяц назад
厲害的緬甸人民解放軍
Далее
Какой звук фальшивый?
00:32
Просмотров 184 тыс.
Какой звук фальшивый?
00:32
Просмотров 184 тыс.