မဟာဂီတအခြေခံကြိုးသီချင်းအမှတ်စဉ် (၁၁)
မြို့ နန်းငယ်လေ ( မြို့နန်းဘွဲ့)
သာနိုးပျော်ဖွယ်ကြိုး
ရေး- မြဝတီမင်းကြီးဦးစ
ဆို-ချစ်သုသုဟန်/ vocalist- Chit Thu Thu Han
စောင်း- မန္ဒကီ / Harpist- Mandaki
စာသား (lyrics)
(မြို့ နန်းငယ်လေ၊ သာယာမျိုးငယ်ကို၊ ဆိုသော်များအံ့ဖွယ်။ ဘက်ကျွန်း ငယ်သာ၊ စံတိုင်းဆောင်၊ ပြောင်ပြောင်ညီးလို့လင်း)၂။ ဧရာကြီးထင်ပေါ်၊ သွယ်ဖြူး မြင့်လှလေး။ ဧရာကြီးထင်ပေါ်၊ နန်းဆောင်တော်သွယ်ဖြူး၊ မြင့်လှလေး။ (စီခြယ်ကိုးမည်သာ၊ မျက်ရောင်ဖြာ မှောင်ဝေး)၂။ အံ့ရေးထပ်ပြန်ကာ၊ ရှုတဲ့သူငယ်မှာ၊ အံ့မှုးငယ်သာ၊ တွေပင် တွေကြလေ။ မြင်တဲ့သူ ငယ်မှာ၊ အံ့မှုးငယ်သာ၊ ဝေပင် ဝေကြလေး။ ဆောင်တိုင်း ဘုံတိုင်းမှာ၊ အံ့ရာ အခြားခြားငယ်နှင့် သိကြား နတ်ဘုံလို။
Thank you.
19 сен 2024