Тёмный
No video :(

ရခိုင်စစ်မျက်နှာမှာ သွေးပျက်သွားတဲ့ မြန်မာ့ရေတပ် (ရုပ်/သံ) 

The Irrawaddy News
Подписаться 796 тыс.
Просмотров 2,3 млн
50% 1

ယခုအခါ မြန်မာ့ရေတပ်တွင် စစ်မှုထမ်းအင်အား ၁၉,၀၀၀ ခန့်ဖြင့် အမှုထမ်းလျက်ရှိပြီး ရေငုပ်သင်္ဘောနှစ်စီး၊ LPD မုတ္တမ သင်္ဘောကြီးတစင်း၊ ဖရီးဂိတ် စစ်သင်္ဘောလေးစီးအပါအဝင် ရေယာဉ်ပေါင်းစုံ ၁၂၂ စီး ရှိသည်ဖြစ်ရာ ကိန်းဂဏန်းများအရ အထင်ကြီးလောက်သည်။
သို့သော် ရက္ခိုင့်တပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်အထိ ခြောက်ရက်တာ ရေကြောင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော သုံးစီးနှင့် ဇက်သင်္ဘော နှစ်စီး၊ စုစုပေါင်း ငါးစီးအား ရက္ခိုင့်တပ်တော်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ ထို့အတူ ရက္ခိုင့်တပ်တော်၏ စာရင်းများအရ အခြားသော လေးစီးမှာလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
လေကြောင်းမှ ပစ်ကူပေးနေသည့်ကြားမှ စစ်ကောင်စီ၏ ရေတပ်သင်္ဘောများကို တိုက်ခိုက်နှစ်မြှုပ်နိုင်လိုက်သည့်အပြင် ကျဆုံး၊ ဖမ်းမိကလည်း အင်အား ၁ ထောင်နီးပါးရှိပြီး များပြားသဖြင့် စစ်ကောင်စီအတွက် သွေးပျက်ဖွယ် ဖြစ်သွား၏။ ထို့အတူ ရေတပ်သင်္ဘောများအတွက် ထိတ်လန့်ဖွယ်လည်း ဖြစ်သွား၏။
ယခုအခါ စစ်ကောင်စီ ရေတပ်သင်္ဘောများသည် ရခိုင် ပင်လယ်ကမ်းရိုးတန်းတွင် သွားလာရဲကြသော်လည်း ရခိုင်ပြည်နယ်၏ မြစ်ချောင်းများအတွင်း ရဲရဲတင်းတင်း သွားလာရဲခြင်း မရှိတော့။
---------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: bit.ly/3btQYpR

Опубликовано:

 

27 фев 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 751   
Далее
Ютуб был хороший...
00:52
Просмотров 336 тыс.