ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄
၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီအနေနဲ့ အရင်ကမကြုံဖူးတဲ့ ရှုံးနိမ့်မှုတွေကိုဖြစ်စေပါတယ်။ စစ်ကောင်စီအတွက်
အရှက်သိက္ခာ ကျဆင်းရတဲ့ ရှုံးနိမ့်မှုတွေအပြင် စီးပွာရေးဆုံးရှုံးမှုတွေ ကိုပါခံစားနေရပါတယ်။
အဲဒီဆုံးရှုံးမှုတွေထဲမှာ ဂျက်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေကစလို့ တင့်ကား၊ သံချပ်ကာ ကားအထိပါဝင်သလို အလံဖြူထောင်ထွက်ပြေးကြတဲ့စစ်သားတွေကစပြီး အမိန့်ပေးက္ပပ်ကဲမှုထိပ်ဆုံးကအရာရှိတွေ လည်းပါဝင်ပါတယ်။
များပြားလှတဲ့လက်နက်ခဲယမ်းတွေ၊ အဓိကကျတဲ့စစ်စခန်းတွေ၊ ဗျူဟာကျတဲ့မြို့တွေကိုလည်း ညီနောင်မဟာမိတ်တွေနဲ့ တနိုင်ငံလုံးကတော်လှန်ရေးမဟာမိတ်တွေကသိမ်းဆည်းထားလိုက်ကြပါပြီ။
12 фев 2024