“စည်တော်အောင်ပွဲနှင့် ကံစမ်းမဲဖွင့်ပွဲ”
💟 ပြီးခဲ့တဲ့မတ်လက ကျင်းပခဲ့တဲ့ “စည်တော်ရဲ့ ကံစမ်းမဲဖွင့်လှစ်ပွဲ” ဖြစ်ပါတယ်။ စိတ်ပြတ်သားစွာ ပေးအပ်ခဲ့ကြတဲ့ ရတနာ (၇) ပါး (ကာလတန်ဖိုး သိန်း ၈၀၀ ကျော်၊ ခုဆိုရင်တော့ သိန်း ၁၀၀၀ နီးပါးရှိမှာပေါ့) ကို ကံစမ်းမဲရောင်းချပေးခဲ့ပြီး (၂) ပတ်တာကာလအတွင်း အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့တဲ့ “ပရောဂျက်စည်တော်”
💟 ရတနာပစ္စည်းကို စိတ်ပြတ်သားစွာ ထည့်ဝင်ပေးသူ၊ ကံစမ်းမဲရောင်းချပေးခဲ့ကြတဲ့ နိုင်ငံတကာမှ မိသားစုဝင် ညီကိုမောင်နှမများ၊ အတတ်ပညာများဖြင့် Backend ပိုင်းမှ အားဖြည့်ကြတဲ့ WLMF Finance, Treasury, HR, IT, Design and Live Broadcasting Team Member များနှင့် Social Influencer များ..
💟 အထူးသဖြင့် လိုအပ်သော ဘဏ္ဍာရန်ပုံငွေပြည့်မီကျော်လွန်အောင် အားဖြည့်ဝယ်ယူပေးခဲ့ကြတဲ့ တော်လှန်ပြည်သူများ စသဖြင့် “စည်တော်” အတွက် ထိစပ်သူအယောက်စီတိုင်းကို လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ရှင်။
#မမများနဲ့ပွဲကမယ် 💃🏻💃🏻
15 апр 2024