” ကျောက်ကပ် မရှိရင်
အသက်ရှင်နိုင်ပါသလား...”
ကျောက်ကပ်နှစ်လုံးထဲက
တစ်လုံးရှိရင် အသက်ရှင်နိုင်ပါတယ်...။
ဒါပေမယ့်...
ဆီးချို နဲ့
သွေးတိုးရောဂါ ကြောင့်
ကျောက်ကပ်ကို ထိခိုက်ပျက်စီး
ပြီး ဆိုရင်တော့ အသက်ရှင်ဖို့
တော်တော်ခက်ခဲသွားပါတယ်...။
အဲဒီလို အခြေအနေမျိုးမှာ
ကျောက်ကပ်ကို အစားထိုးကုသမှု
လုပ်ရင်ပဲ ဖြစ်ဖြစ်၊
မကြာခဏ ကျောက်ကပ်ဆေးနေရင်ပဲ
ဖြစ်ဖြစ် လုပ်နေ ရပါလိမ့်မယ်...။
ဒါလည်း ငွေကုန်ကြေးကျများပြီး
အသက်အန္တရာယ်ကို
အချိန်မရွေး ချိမ်းခြောက်နေတဲ့
အခြေအနေမျိုးပါပဲ...။
ဒါကြောင့်
ဆီးချို နဲ့ သွေးတိုးရောဂါ ဖြစ်ပြီး
ဆိုရင် အနေအထိုင်၊
အစားအသောက်ကို
ဂရုစိုက်ဖို့ လိုအပ်လာပါတယ်...။
အခြားအကြောင်းကြောင့် နာတာရှည်
ကျောက်ကပ်ရောဂါ မဖြစ်အောင်လည်း
အထူး အလေးဂရုပြုဖို့ လိုလာပါတယ်...။
ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့
အစားအသောက်တွေ ဆိုတာ ရှိပါတယ်...။
ကျောက်ကပ်ရောဂါကို
အဆိုးဆုံးဖြစ်စေနိုင်တဲ့
အစားအသောက်တွေကို
မစားပါနဲ့...။
အဲဒီအစားအသောက်တွေကို
ရှောင်ပါ...။
အဲဒါတွေကို သိထားသင့်ပါတယ်...။
xxxxx
Dr. Aung Win Hein.
26 июн 2024