Тёмный

A Visit to 𝐀𝐫𝐭𝐢𝐬𝐭 𝐋𝐢𝐟𝐞 𝐀𝐫𝐭 𝐆𝐚𝐥𝐥𝐞𝐫𝐲 🎨❤️ 

Myanmar Imperial College - MIC
Подписаться 15 тыс.
Просмотров 182
50% 1

ဆရာကြီး Dr ဦးလွန်းကြွယ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ရာမြောက် ပန်းချီအနုပညာများကို တီချယ်ပို့နဲ့အတူ MIU မှကျောင်းသား ကျောင်းသူများက 𝐀𝐫𝐭𝐢𝐬𝐭 𝐋𝐢𝐟𝐞 𝐀𝐫𝐭 𝐆𝐚𝐥𝐥𝐞𝐫𝐲 လေးမှာ သွားရောက်ခံစားလေ့လာခဲ့ကြပါတယ်ရှင် ❤️
🎨ပန်းချီအနုပညာဆိုတာ ကိုယ့်စိတ်ကူးအိမ်မက်တွေ၊ နွေးထွေးမှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ကျူးပေးတဲ့ တန်ဖိုးထားချစ်မြတ်နိုးရမယ့် ပညာရပ်တစ်ခုပင် မဟုတ်ပါလားရှင် 🥰
ပန်းချီပညာကို ချစ်မြတ်နိုးတဲ့ တီချယ်ပို့က MIU ကျောင်းသားကျောင်းသူတွေအတွက် Artist Life Art Gallery မှာ တန်ဖိုးရှိလှတဲ့ အနုပညာလက်ရာတွေကို သွားရောက်လေ့လာဖို့ အထူးစီစဉ်ပေးခဲ့ပါတယ်ရှင်။ 🥰❤️
-------------------------------------------------
ဆရာကြီး Dr ဦးလွန်းကြွယ်ကတော့ မြန်မာနိုင်ငံမှာသာမကပဲ နိုင်ငံတကာကပါ သဘောကျနှစ်ခြိုက်ကြတဲ့ ဂုဏ်ယူရတဲ့မြန်မာ့ပန်းချီအနုပညာရှင်ကြီး တစ်ယောက်ဖြစ်ပါတယ်ရှင်။ ဆရာကြီးရဲ့ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်း၊ ပန်းချီအနုပညာအပေါ်ထားရှိတဲ့ စိတ်သဘောထားများကိုလဲ လေ့လာခဲ့ကြရပါတယ်ရှင်။🥰
ပန်းချီအနုပညာကို ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်များနဲ့ ခံစားမှု အားကောင်းတဲ့ ဆန်းသစ်တဲ့ လက်ရာမြောက် ပန်းချီကားတွေအများကြီးကို MIU ကျောင်းသားတွေအနေနဲ့ လေ့လာခဲ့ကြရတာက အရမ်းကိုတန်ဖိုးရှိလှပါတယ်ရှင် 🥰❤️
အခုလိုအချိန်ပေးပြီးနွေးနွေးထွေးထွေးကြိုဆိုပေးခဲ့တဲ့အပြင် ကျောင်းသားကျောင်းသူတွေအတွက် ပန်းချီကားလေးပါလက်ဆောင်အနေနဲ့ပေးခဲ့တဲ့ ဆရာကြီးရဲ့ မိသားစုနဲ့ Artist Life Art Gallery ကိုလဲအထူးကျေးဇူးတင်ရှိပါတယ်ရှင်။🥰❤️
-------------------------------------------------
🇲🇲𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ကျောင်းသားကျောင်းသူတွေရဲ့ စာပေဗဟုသုတလေ့လာမှု တစ်ခုတည်းသာမကပဲ အနုပညာတီထွင်ဖန်တီးမှုတွေအတွက်ပါ အမြဲတမ်းအထောက်အပံ့ပေးဖို့ ကြိုးစားနေပါတယ်ရှင့် 🤩
မြန်မာလူငယ်များရဲ့ အိပ်မက်တွေနဲ့
စစ်မှန်သောပညာရေးအတွက် အမြဲအသင့်ရှိနေလျက်...
လေးစားစွာဖြင့် -
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐌𝐈𝐔

Опубликовано:

 

9 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Bacon на громкость
00:47
Просмотров 87 тыс.