ဆရာ ဦးမောင်မောင် (ပျဉ်းမနား) ၏ ပညတ် ပရမတ် နှစ်ခုစပ်ဆက်စပ်ပုံ
A - စင်ကြယ်သော မနော အစ
B - စင်ကြယ်သော မနော အလယ်
C - စင်ကြယ်သော မနော အဆုံး
D - ဝိမုတ္တိရသ ဖြင့် နေထိုင်နည်း
☆ ကိလေသာ☆
☆ အတ္တလက္ခဏာငါးချက်☆
၁ ။ ပြုသူရှိ
၂ ။ ခံရသူရှိ
၃ ။ ပုဂ္ဂိုလ်သတ္တဝါရှိ
၄ ။ အရှိထား
၅ ။ ခိုင်တယ်မြဲတယ်
ကိလေသာသည် အတ္တလက္ခဏာ ငါးချက်နဲ့ ပတ်သက်
နေလျှင် ပညတ်နယ်က ကိလေသာ ဖြစ်သည်။ ရှောင်ရမည့်
အကုသိုလ် တရားများ ဖြစ်သည်။ အရှိထားပြီး
မဖြစ်အောင် စောင့်ထိမ်းရမည့် တရားများဖြစ်သည်။
(ပညတ်နယ်)
☆အနတ္တလက္ခဏာငါးချက်☆
၁။ ပရတော အပြင်အာရုံ
၂။ ရိတ္တတော နှိပ်စက်တ့တဲ ရား
၃။ တုစ္ဆတော အချီးနှီး
၄။ အသာရကတော အနှစ်သာရမရှိ
၅။ သုညတော အစဉ်သုည
၁။ အရူခံ အဖြစ် မြင်ရသော ကိလေသာတို့သည် အာရုံ
ဖြစ်ပြီး၊ ပျက်ပြီး အရိပ် ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်၊
နိသတ္တ၊ နဇီဝ၊ အသက်မပါ၊ အသေ။
၂ ။ ဖြစ်ပြီး၊ ပျက်ပြီး မရှိတဲ့ ကိလေသာကို အသက်မပါ။
အသေ၊ ကိလေသာ ကိုအရှင်ထင် နေသမျှ နှိပ်စက်ခံရမည်။
၃။ ချမ်းသာကလည်း အတု၊ ဆင်းရဲအတု ကိုအစစ်ထင် ၍ ဘုရားရှင်က အရှိထားသမျှ ဒုက္ခမှတပါး အခြားမရှိ။
၄။ အာရုံခန္ဓာ တို့သည် အနှစ်သာရ မရှိ။
၅။ အာရုံခန္ဓာ တို့သည် အစဉ်သုည။
=======================================
(ပညတ်နယ်)
ပညတ်နယ်က ကိလေသာသည် ပြုသူခံရသူ ပုဂ္ဂိုလ်အရှိ ဖြစ် နေ၏။ ကိလေသာ အထူအပါး ရှိသည်။ ရဟန္တာ မဖြစ်သမျှ ကိလေသာ အစဉ်ရှိသည်။ အစဉ်ကိန်း ကိလေသာ အပြစ်ရှိသည်။ ထိုကိလေသာ ကိုမသိ၍ ဒိဋ္ဌိမပြုတ်။ နိဗ္ဗာန်မမြင်။
=========================================
(ပရမတ်နယ်)
ပရမတ်နယ်က ကိလေသာ(အာရုံ)သည် ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်၊ အသက်မပါ၊ အသေ၊ (နဇီဝ)ပြုသူ၊ ခံရသူမရှိ၊ အပြစ်မရှိ။ ကိလေသာအကြောင်း တိုက်ရင်ဖြစ်။ ဖြစ်ဆဲမရှိ၊ ဖြစ်ပြီး၊ ပျက်ပြီး ကိလေသာ ကိုသာတွေ့ရ။
=========================================
ပညတ်နယ်က ကိလေသာကို သတ်နေသမျှ တော့ ကိလေသာ ပြုသူ၊ ခံရသူ ရှိရင်အတ္တနဲ့ ငြိပြီ။ ကိလေသာ အထူအပါး ရှိတယ်ဆိုရင် အတ္တနဲ့ ငြိပြီ။ ရဟန္တာ ဖြစ်မှ ကိလေသာ ကုန်မည်ဆိုရင် အတ္တနဲ့ ငြိပြီ။ ကိလေသာ အပြစ်ပြုသူ ရှိတယ်ဆိုရင် အတ္တနဲ့ ငြိပြီ။
=========================================
ပရမတ် ကိုသိမြင်ခွင့် ရရင် ကိလေသာ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်(နိသတ္တ)။ ကိလေသာတွင် အသက်မပါ(နဇီဝ)။
ကိလေသာ ကိုပြုသူ၊ ခံရသူ မရှိ။ ထိုသို့ခွဲခြား ဆက်စပ်သိနိုင်လျှင် သင့်အတွက် ဒီဘဝမှာတွင် ဒုက္ခကုန်ဆုံး ခွင့်ရပါလိမ့်မည်။ ဇာနတော၊ သိသော။ ပသတော၊ မြင်သော သူသည်။
အာသဝါနံခယံ အာသဝေါ ကုန်ပါတယ်လို့ ဝဒမိ ဘုရားရှင် ဟောကြားခဲ့ပါတယ်။
1-8-2018 at 18:14pm (Facebook ပေါ်မှ ဓမ္မမှတ်စုများ)
မြတ်သောဆရာ.....ဆရာဦးမောင်မောင်
18 окт 2020