Тёмный

Christian Dance (လူသားကြွလာ ကမ္ဘာမြေမှာ) 

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်
Просмотров 1,3 тыс.
50% 1

Christian Dance (လူသားကြွလာ ကမ္ဘာမြေမှာ)

အရှေ့အရပ်မှ လျှပ်ပြက်ကာ၊ အနောက်အရပ်သို့ပင် ထွန်းလင်းလာ။
လူသားကြွဆင်းလာပြီ ကမ္ဘာမြေသို့ဆီ။
လူဇာတိခံ ဘုရားသခင်၊ တရုတ်ပြည်မှာ ပေါ်ထွန်းလာ၊ အမှုပြုနေလျက်သာ။
သူဟာ နောက်ဆုံးသောကာလ ခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်ပင်။
သမ္မာတရားများကို သူ ဖော်ပြပြီ၊ နိုင်ငံတိုင်းကို ကိုင်လှုပ်လျက်ပင်။
တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အိမ်တော်မှ စတင်။
သူ့နှုတ်ကပတ်တော်များမှာ သြဇာအာဏာပါရှိကာ၊ လူအပေါင်း၏ နှလုံးသားများကို သိမ်းပိုက်။
လုံးဝလက်ခံယုံကြည်လျက်၊ ကိုးကွယ်ခြင်းဖြင့် သူတို့ပျပ်ဝပ်။
အနန္တတန်ခိုးရှင် ဘုရားသခင် သူ၏ဂုဏ်ကျက်သရေရှိသော ရာဇပလ္လင်ပေါ် ထိုင်လေပြီ။
လူသားသည် ပေါ်ထွန်းပြီး အလုပ်လုပ်ပြီ၊ ကမ္ဘာမြေပေါ်က နိုင်ငံတိုင်းကို ကိုင်လှုပ်လျက်ပင်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေကို ပျံ့နှံ့သွား၊
ကမ္ဘာမြေတလွှား ကြားနေရ နိုင်ငံတော်ခေတ်၏ တံပိုးသံနှင့်တကွ။

လူသားသည် အသင်းတော်များကြား စကားပြောပြီး လမ်းလျှောက်သည်။
သူ၏ နှုတ်ကပတ်တော်များနှင့် အမှုပြုခြင်းသည် ကျွန်ုပ်တို့အလယ်တွင် ရှိနေသည်။
ကျွန်ုပ်တို့တစ်ဦးစီ ဘုရားသခင်၏ ထိန်းကျောင်းခြင်းနှင့် ရေလောင်းခြင်းကို ခံရသည်၊
သူနှင့် မျက်နှာချင်းဆိုင်လျက်၊ သူ၏နှုတ်ကပတ်တော်များကို စားသောက်ကြသည်။
ကိုယ်တော့်တရားစီရင်ခြင်း နှုတ်ကပတ်တော်များ နှစ်ဖက်ဓားသွား တစ်လက်အလား၊
လူ့ယိုယွင်းခြင်း အမှန်တရားအား ဖော်ထုတ်ပြီး စိစစ်သွား။
တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းကို သန့်စင်ပေးကာ၊
စာတန်၏ အင်အားစုများမှ ကျွန်ုပ်တို့ကို အပြည့်အဝ ကယ်တင်ပေးတာ။
သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်တို့ ရရှိပြီ၊ ဘုရားသခင်အား ချီးမွမ်းခြင်းများကို ပူဇော်ဆက်ကပ်သည်။
လူသားသည် ပေါ်ထွန်းပြီး အလုပ်လုပ်ပြီ၊ ကမ္ဘာမြေပေါ်က နိုင်ငံတိုင်းကို ကိုင်လှုပ်လျက်ပင်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေကို ပျံ့နှံ့သွား၊
ကမ္ဘာမြေတလွှား ကြားနေရ နိုင်ငံတော်ခေတ်၏ တံပိုးသံနှင့်တကွ။

လူသားကို တရားစီရင်ရန်နှင့် သန့်စင်ပေးရန် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြသည်။
တရုတ်ပြည်တွင် အောင်မြင်သောသူများအဖွဲ့ကို ဖန်တီးပြီ။
စာတန်ကို အနိုင်ယူလျက်၊ ဘုရားသခင် ဘုန်းတော်ရရှိသည်။
သူ့နှုတ်ကပတ်တော်များ တစ်ခုပြီးတစ်ခု ပြည့်စုံသည်။
လူသားသည် ပေါ်ထွန်းပြီး အလုပ်လုပ်ပြီ၊ ကမ္ဘာမြေပေါ်က နိုင်ငံတိုင်းကို ကိုင်လှုပ်လျက်ပင်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေကို ပျံ့နှံ့သွား၊
ကမ္ဘာမြေတလွှား ကြားနေရ နိုင်ငံတော်ခေတ်၏ တံပိုးသံနှင့်တကွ။
ကောင်းကင်တမန်များ၏ တံပိုးခရာများ၊ ကောင်းကင်တမန်များ၏ သီချင်းသံများ၊
ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေရန် စုပေါင်းအစေခံကြသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ထာဝရကာလတိုင်၊ ထာဝရကာလတိုင် ကမ္ဘာမြေပေါ် အုပ်စိုးမည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ကျေးဇူးပြု၍ မှတ်သားရန်- ဤချန်နယ်လ်မှ ဗီဒီယိုများအားလုံးကို အခမဲ့ကြည့်ရှုနိုင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ RU-vid ချန်နယ်လ်မှ မည်သည့် ဗီဒီယိုကိုမဆို ကြိုတင်ခွင့်ပြုချက် မရှိဘဲ၊ သီးခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အုပ်စုက တစ်စုတစ်လေက ကူးယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကွန့်ခြင်း သို့မဟုတ် ကောက်နုတ်ခြင်းတို့ကို အထူးတလည် ရည်ရွယ်၍ တားမြစ်ထားပါသည်။ ဤစည်းမျဉ်းစည်းကမ်း တစ်ခုတစ်လေကို ချိုးဖောက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်ခွင့်ရှိပါသည်။ လူသိရှင်ကြား ဖြန့်ဝေခြင်းအတွက် ကြိုတင်တောင်းဆိုရန် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ ဆက်သွယ်ပါ။

Опубликовано:

 

15 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
When Khabib dropped Conor McGregor 👀 #nocommentary
00:59
When Khabib dropped Conor McGregor 👀 #nocommentary
00:59