Тёмный
No video :(

love is ash 1 အချစ်သည် ပြာ(1) ကဗျာ၊လွတ်လပ်အိမ်၊Myanmar Poetry Video, Art and ASMR 

Pansodan Media
Подписаться 61 тыс.
Просмотров 135
50% 1

ကဗျာ၊ပန်းချီ၊ လှုပ်ရှားမှု အနုပညာများနဲ့ ပြာ
Poem, Art, Performance art and Ashes
လွတ်လပ်အိမ်
..............................................................
ကဗျာဗွီဒီယို poetry video တွေဖန်တီးပြီးစတင် တင်ဆက်လိုက်ပါတယ်
အချစ်သည် ပြာဆိုတဲ့ကဗျာတွေ ၂၀၂၁လောက်ကရေးမိတယ်။
ရုပ်ဝထ္တုအားလုံးရဲ့နောက်ဆုံးပုံစံဟာ ပြာပဲ။
စိတ်ဝထ္တုမှာတော့ ပြာရယ်လို့ကျန်မှာမဟုတ်ဖူး။
ပြာဟာလွင့်ပါးသွားရသလို ခံစားချက်တွေဟာလည်းလွင့်ပါးသွားရတာပါပဲ။မြူမှုန်လို တစ်နေရာမှာ ကပ်ကျန်နေမှာပဲ။
အမှန်တော့ ကိုယ့်ဘဝတစ်ခုကို သံဝေဂအပိုင်းအစတစ်ချို့နဲ့ အနှစ်ချုပ်ကြည့်တာပါ။ သံဝေဂ တစ်ခုခုရရင် လောကအမြင်ပြောင်းလဲသွားတတ်တယ်။ ချစ်ခြင်းမေတ္တာဟာ အသက်ရှိစဉ်အခါမှာတော့ ပုံသဏ္ဍာန် အမျိုးမျိုးတည်ရှိခဲ့ပေမယ့် ခန္ဓကိုယ် ချုပ်ငြိမ်းတဲ့အခါ တစ်ယောက်တည်းဘဝမှာတော့ လက်ကျန်မရှိဘူးပေါ့။ ဒါပေမယ့် သားစဉ်မြေးဆက် ကူးလူးပြန့်ပွားကြတယ်။ ခံစားရတယ်။ အဲဒီမှာ ရုပ်ဝထ္တု တွေရဲ့နောက်ဆုံး ပုံသဏ္ဍာန်ဟာ ပြာပဲ။
အနုပညာဟာ ရုပ်ဒြပ်ဆိုရင်လည်း ပြာဘဝမှာ နိဂုံးချုပ်ရမှာပဲ။ အချစ်ကို ပြာလို နောက်ဆုံး
သဏ္ဍာန်လို့ ခံစားမိပြီး တင်စားမိတဲ့အခါ အချစ်သည်ပြာ ဆိုတဲ့ကဗျာတွေ ထွက်လာတယ်။ ဖွဲ့စည်းပေါင်းစည်းမှုများစွာနဲ့ တည်ရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာပါ။
လှည့်စားတတ်တဲ့ ဝင်္ကန္တ တွေကိုတော့ မာယာ အဖြစ်သိမှတ်အလေးထားမိတယ်။ အချစ်သည်ပြာ ကဗျာ ၇ ပုဒ်ရေးမိတော့ ပန်းချီ ၇ ကား ရေးဖို့ တွေးမိတယ်။ကိုယ်ရေးထားတဲ့ပန်းချီကားတွေ မီးရှို့ပြီး ပြန်ရေးဖို့ပါ။ အဲဒီပြာတွေ နဲ့ပေါ့။ ချုပ်ငြိမ်းခြင်း၊ ဖြစ်ထွန်းခြင်းများ အကြောင်း။ ခေတ်တစ်ခေတ်ရဲ့ ပြောင်းလဲပုံတွေ။ ဘဝနဲ့ သဘာဝတရားတွေ။
အမေ့ အကြောင်းလည်း ဖျတ်ကနဲစဉ်းစားမိတယ်။
ခေတ်ပေါင်းများစွာ ဒုက္ခကြုံပေမယ့် အကောင်းမြင်စိတ်ကိုလက်ကိုင်ထားပြီး ကျော်လွှားဖြတ်သန်းခဲ့တယ်။ အမေ့နေရာမှာ ဝင်ပြီးစဉ်းစားကြည့်တော့တုန်လှုပ်မိတယ်။ အကောင်းမြင်မျှော်လင့်စိတ် နဲ့ တာဝန်မပျက်ကွက်ခြင်း။ အဲဒီသတိတရားကို ဆုပ်ပိုက်မိတယ်။
ဒီ performance ကို လုပ်ဖို့စဉ်းစားခဲ့တာ ၂နှစ်ရှိပြီ။
လုပ်ရင်လည်း ပုပ္ပါးအနုပညာမြိုင်မှာပဲ လုပ်မယ်လို့ စဉ်စားမိတယ်။
အတွေးထဲမှာကြာနေတာ။
အခုတော့ အစပြုပြီ။ ပြာတွေဖြစ်ဖို့ပေါ့။
ပြာတို့သမိုင်း
လူ့သမိုင်းပေါ့
သုညမရိုင်းကြွင်းလိမ့်မည်။
(အချစ်သည်ပြာ ကဗျာများမှ)

Опубликовано:

 

6 сен 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Первый день школы Катя vs Макс
19:37