Тёмный

Tujhe Kitna Chahne Lage Hum - Arijit Singh (Lyrics Video - English / Myanmar (Burmese) ) 

Alice Playlist
Подписаться 9 тыс.
Просмотров 895
50% 1

ဒီတခါတော့ Alice Playlist ကနေ ထူးထူးခြားခြား အဖြစ် Bollywood သီချင်းလေးတပုဒ်ကို ဘာသာပြန်တင်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းကို သီဆိုသူက Bollywood ရဲ့ တကယ့်ကို နာမည်ကြီး အဆိုတော် Arijit Singhပါ။ Bollywood ပရိတ်သတ်တွေကတော့ သူ့ကိုမသိသူ မရှိသလောက်ပါဘဲ။ Arijit Singh က Aliceရဲ့ Bollywood က အကြိုက်ဆုံးအဆိုတော်ပါ။ သူ့သီချင်းကို အဓိပ္ပါယ်နားမလည်ဘဲ နားထောင်ရင်တောင် သီချင်းထဲ နစ်ဝင်ပြီး ခံစားရအောင် ဆိုနိုင်တဲ့ အဆိုရှင်တယောက်ပါ။
ဒီသီချင်းလေးက Kabir Singh ဆိုတဲ့ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဝင်သီချင်းလေး တပုဒ်။ Kabir Singh ရုပ်ရှင်က တောင်ပိုင်းကား (Telugu)Arjun Reddy ကို ပြန်ရိုက်ထားတာပါ။ ၂ကားလုံး အနုပညာပိုင်းအရရော ဝင်ငွေပိုင်းအရပါ အရမ်းကို အောင်မြင်ခဲ့ပါတယ်။ ၂ကားလုံးကို ဇာတ်လမ်းရေးသားသူ အဖြစ်ရော Director အဖြစ်ပါ Sandeep Reddy Vanga က တာဝန်ယူခဲ့တာပါ။ သူ့ဘဝမှာ ဒီကား ၂ကားဘဲ ရိုက်ခဲ့တာပါ။ အချစ်ကား ကောင်းကောင်းကြည့်ချင်သူတွေ အတွက် အဓိက ညွှန်းဆိုပေးချင်ပါတယ်။
မင်းသားကတော့ တကယ့်ကို နာမည်ကြီးမင်းသား Shahid Kapoor ပါ။ သူက ဘာကားဘဲရိုက်ရိုက် တကယ့်ကို သဘာဝကျကျ သရုပ်ဆောင်ပြတာကို တွေ့ရမှာပါ။ ဒီကားကြည့်ပြီးရင် သူ့ကို Kabir Singh လို့ဘဲ မြင်တော့မှာ အသေအချာပါဘဲ။ သူ့ရဲ့ တခြားရုပ်ရှင်တွေဖြစ်တဲ့ Haider၊ Udta Punjab၊ Kaminey၊ Jab We Met ရုပ်ရှင်ကားတွေမှာလည်း သူဟာ Character နဲ့ သူ့ကိုခွဲမရတော့အောင် သရုပ်ဆောင်ကောင်းလွန်းပါတယ်။ မင်းသမီးက တက်သစ်စ မင်းသမီးလေး Kiara Advani ပါ။ မင်းသမီးက အသားအရည် အရမ်းလှပြီး တက်သစ်စနဲ့မတူအောင် သရုပ်ဆောင်ကောင်းပျါယ်။ သူ့ရဲ့ ဒီနှစ်ထွက်ထားတဲ့ Biography Movie Shershaah လည်း အရမ်းကောင်းပါတယ်။ ဒီနှစ်ရဲ့ အအောင်မြင်ဆုံး Bollywood movie လို့တောင် ပြောလို့ရပါတယ်။
Kabir Singh က တခြား Bollywood ရုပ်ရှင် အများစုလို ကခုန်တာတွေ မပါပါဘူး။ စိတ်အရမ်းဆတ်ပြီး သွေးဆိုးတဲ့ ခွဲစိတ်ဆရာဝန်ပေါက်စနဲ့ ဆေးကျောင်းပထမနှစ်ကျောင်းသူလေးရဲ့ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းတပုဒ်ပါ။ ဒါပေမယ့် ကြည့်လို့ကောင်းအောင် တကားလုံး စွဲဆောင်သွားပါလိမ့်မယ်။ ဒီကားမှာ ပါသမျှ သီချင်းတွေက ငြိမ့်ငြိမ့်လေး အရမ်းကို နားထောင်ကောင်းပါတယ်။
အပေါ်မှာ ညွှန်းဆိုထားတဲ့ ဇာတ်ကားအားလုံး Channel Myanmar မှာ တင်ထားပါတယ်။
Trailer လေးလည်း Link ထည့်ပေးလိုက်ပါတယ်။
T-Series Link : • Full Song: Tujhe Kitna...
Kabir Singh - Official Trailer : • Kabir Singh - Official...
Feature Video Credit - Ruvim Miksanskiy
**All the videos, songs, images, and graphics used in the video belong to their respective owners and I or this channel does not claim any right over them.
#KabirSingh #BollywoodSongMMSUB #MyanmarSubtitle

Опубликовано:

 

14 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
When Khabib dropped Conor McGregor 👀 #nocommentary
00:59
July 19, 2024
19:43
Просмотров 59 тыс.
When Khabib dropped Conor McGregor 👀 #nocommentary
00:59