Тёмный

ကြက်သွန်ဖြူကိုနေ့စဉ်စားပေးပြီးတဲ့နောက်မှာ သင့်မှာ ဘာတွေထူးခြားလာမလဲ? 

The Reader Myanmar
Подписаться 722 тыс.
Просмотров 2 млн
50% 1

ကြက်သွန်ဖြူကိုနေ့စဉ်စားပေးရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ကြည့်လိုက်ကြရအောင်။ ကြက် သွန်ဖြူဟာ ကျွန်တော်တို့ လူသားတွေ နှစ်ပေါင်းရာနဲ့ချီပြီး စားသောက်လာခဲ့တဲ့ ထူးခြားတဲ့ အစားအသောက် တစ်မျိုးပါ။ ဒါပေမဲ့ အခုကျမှပဲ ဒီအပင်လေးရဲ့ အကျိုးကျေးဇူးအားလုံးကို နားလည်လာကြတာပါ။ ယနေ့ခေတ်အခါမှာ သင်ဟာ အောင်ဂင်းနစ်စစ်စစ်ဖြစ်ပါတယ်ဆိုတဲ့ တံဆိပ်တွေကို ကုန်ပစ္စည်းတော်တော်များများမှာ တွေ့ရမှာပါ။ ကျွန်တော်တို့က ဒါကို စန်းတင်ပြီး ကြော်ညာတယ်နေလို့လည်း ပြောလို့မရပါဘူး။ လူတွေကိုက အော်ဂင်းနစ်နေထိုင်မှုပုံစံကို ပြောင်းလဲလာကြပြီးတော့ နေ့စဉ်အစားအသောက်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တာတွေပဲ စားသောက်လာကြပါတယ်။ သင်ကိုယ်တိုင်ရော သင့်ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝကုထုံးတွေကိုမသုံးဘဲ ဓာတုဆေးဝါးတွေနဲ့ ပြုလုပ်ထားတဲ့ ဆေးဝါးတွေကိုပဲ မှီဝဲနေဦးမှာလား။ သင့်ရဲ့ ဥယျာဉ်ထဲမှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ ဆေးဖက်ဝင်အပင်တွေရှိနေပြီးတော့ ကြက်သွန်ဖြူကလည်း တစ်ခုအပါအဝင်ပါပဲ။ ဟစ်ပိုကရေးတီးက ကြက်သွန်ဖြူကို ဆေးဝါးအနေနဲ့ အသုံးပြုဖို့ အကြံပေးပြီး ကြက်သွန်ဖြူကို နာမည်ကြီးစေခဲ့တယ်ဆိုတာ သင်မသိဘူးမဟုတ်လား။ လူနာတွေကို ကျန်းမာရေးကောင်းမွန်ဖို့ နေ့စဉ် ကြက်သွန်ဖြူစားပေးဖို့ ညွှန်းတဲ့ ပထမဆုံး ဆရာဝန်ပါ။ ကြက်သွန်ဖြူအစိမ်းကို ဘာကြောင့်နေ့စဉ် စားပေးသင့်တာလဲဆိုတာ ကျွန်တော်တို့မှာ အကြောင်းပြချက် ၅ ချက်ရှိပါတယ်။ ပြီးရင် အရမ်းကိုသိသာတဲ့ ပြောင်းလဲမှုတွေကို ကိုယ်တိုင်စားသုံးပြီး ခံစားကြည့်ပါ။ ဒါ့အပြင် ကြက်သွန်ဖြူစားပြီး အနံ့မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါ ပြောပြပေးသွားမှာပါ။

Опубликовано:

 

5 окт 2024

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 404   
Далее