Тёмный

ဒီမိုကရေစီ ဆိုရာဝယ် 

K2K Knowledge Bank
Подписаться 13 тыс.
Просмотров 8 тыс.
50% 1

အားလုံးပဲ မင်္ဂလာပါ။ K2K Knowledge Bank က နေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်အလှည့်ကျလာတဲ့ Corner ကတော့ နိုင်ငံရေးသိပ္ပံ Corner ပဲဖြစ်ပါတယ်။ အရင်လရဲ့ နိုင်ငံရေးသိပ္ပံ ကဏ္ဍ ကနေ ကွန်မြူနစ်အကြောင်းတစေ့တစောင်း ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ တင်ဆက်ခဲ့တာကို အားလုံးပဲ အမှတ်ရနေဦးမယ်ထင်ပါတယ်။ အရင်လက ကတိ ပေးထားတဲ့အတိုင်း ဒီမိုကရေစီ နဲ့ ပတ်သက်တဲ့ ခေါင်းစဥ်လေးကို ဒီတစ်ပတ် ရွေးချယ်ထားပါတယ်။ ဒီအကြောင်းလေးကို စာဖတ်သူတို့အနေနဲ့ အာဇာနည်နေ့က တင်ဆက်ခဲ့တဲ့ Social Contract (အစိုးရတစ်ရပ်ဘာလို့လိုအပ်သလဲ?) ဆိုတဲ့ ဗီဒီယိုလေး သို့မဟုတ် ဆောင်းပါးလေးကို ဖတ်ထားရင်ပိုပြီး နားလည်လွယ်မယ်ထင်ပါတယ်။
အနောက်တိုင်းရဲ့ အတွေးအခေါ်ပညာရှင်းများရဲ့ အယူအဆ အရ စာရေးသူတို့ လူသားတွေဟာ မွေးကတည်းက ကိုယ်ပိုင်အခွင့်အရေး ကိုယ်စီနဲ့ မွေးလာခဲ့ကြတာဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေက ဘာတွေလဲ ဆိုတော့
Life
Liberty
Property တို့ဖြစ်ကြပြီး အပြစ်ပေးခြင်း ကာကွယ်ခြင်း ငွေကြေးတောင်းခံခြင်း စသည်တို့ကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။
မိမိတို့ရဲ့ မွေးရာပါအခွင့်အရေးတွေထဲက အပြစ်ပေးခြင်း အခွန်ကောက်ခြင်း အကာအကွယ်ပေးခြင်း စတာတွေကို အစိုးရထံအပ်နှင်းပြီး အစိုးရကနေမှ စာရေးသူတို့ရဲ့ ကျန်ရှိနေတဲ့ အခွင့်အရေးတွေကို အာမခံမှု အပြည့်အဝ ပေးဖို့ သဘောတူလက်ခံကြခြင်းကို Social Contract ရယ်လို့ ခေါ်ကြောင်း အရင်က ရှင်းပြခဲ့ဖူးပြီးဖြစ်ပါတယ်။ အရှေ့တိုင်းအယူအဆ ဖြစ်တဲ့ မဟာသမ္မတမင်း တင်မြှောက်ပုံ နဲ့ တူညီကြောင်းလည်း ပြောပြခဲ့ဖူးပါတယ်။ သို့သော် ဒီမိုကရေစီ နဲ့ ပတ်သက်လာရင် အမေရိကန်ရဲ့ နိုင်ငံရေးသမိုင်းနဲ့ ရှင်းပြတာဟာ အကောင်းမွန်ဆုံးနဲ့ အရှင်းလင်းဆုံးဖြစ်မယ်ထင်ပါတယ်။ အမေရိကန်နိုင်ငံဟာ ၁၈ ရာစု လွတ်လပ်ရေးရပြီး နောက်ပိုင်း ကာလမှာ သူတို့ရဲ့ နိုင်ငံ ကို ဘယ်လို အစိုးရပုံစံမျိုးနဲ့ အုပ်ချုပ်မလဲ ဆိုတာ ကို ဝိုင်းဝန်းစဥ်းစားအဖြေထုတ်ခဲ့ကြတယ်။ အရင်က အုပ်ချုပ်ခဲ့တဲ့ စနစ်တွေမှာ ဘုရင်စနစ်၊ ဧကရာဇ်စနစ် (Monarchy)၊ အစုလိုက် အဖွဲ့လိုက် အုပ်ချုပ်မှု (Oligarchy) စတဲ့စနစ်တွေရှိခဲ့ပြီးတော့ ဒီစနစ်တွေမှာ တိုင်းသူပြည်သား တွေရဲ့ အခွင့်အရေးတွေချိုးဖောက်ခြင်းခံခဲ့ရတာကိုလည်း သူတို့ကောင်းကောင်း သိထားကြတဲ့အတွက် သူတို့ရဲ့တိုင်းပြည်ကို ပြည်သူကသာ အာဏာရှိတဲ့ Popular Sovereignty စနစ်ကို ကျင့်သုံးဖို့ ကြိုးစားလာခဲ့ကြတယ်။ Popular Sovereignty အယူအဆ တွေကတော့ အုပ်ချုပ်မှု အာဏာသည် ပြည်သူများထံမှ ဆင်းသက်သည်၊။ အစိုးရက ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်အောင်ပြုလုပ်လာပြီဆိုရင် ပြည်သူတွေက အစိုးရအသစ် တင်မြှောက်နိုင်ခွင့်ရှိရမည် စတာတွေဖြစ်ပါတယ်။
ဒီ Popular Sovereignty ကို အားလုံးသိထားကြတဲ့ ဒီမိုကရေစီရယ်လို့လည်းခေါ်ကြပါတယ်။ Democracy ဆိုတာ ဂရိအခေါ်အဝေါ်ဖြစ်ပြီး Demo (ပြည်သူများ) Kratos (အုပ်ချုပ်ခြင်း) လို့ အဓိပ္ပာယ်ဖော်လို့ရပါတယ်။ ခက်တာက ဒီမိုကရေစီ ဆိုတာ အေသင်လို့မြို့လေး တစ်မြို့အတွက် အုပ်ချုပ်ရေးစနစ်တွေမှာ ပြည်သူတိုင်းပါဝင်ဆုံးဖြတ်လို့ရသော်လည်းပဲ လူသန်းပေါင်းများစွာ နေထိုင်တဲ့ နိုင်ငံကြီးမှာဆိုရင်တော့ ကိစ္စရပ်တိုင်းမှာ လူတကာ ပါဝင် ဆွေးနွေနိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။ ဒါကြောင့် Republicanism ဆိုတဲ့ အယူဝါဒ ကို အမေရိကန်ပြည်ထောင်စု တည်ထောင်သူ ဖခင်များ (Founding Fathers) က အကြိုက်တွေ့စွာ အသုံးပြုခဲ့ကြပါတယ်။ Republic ဆိုတဲ့ အသုံးက နေရာဒေသ အလိုက် အသုံးပြုသူရဲ့ ရှု ဒေါင့် အလိုက် အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားသော်လည်း ခုနကပြောတဲ့ ဘိုးအေးကြီးများအတွက်တော့ ပြည်သူတွေက ကိုယ်စားလှယ်အသီးသီး ရွေးချယ်တင်မြှောက်ပြီး အစိုးရဖွဲ့စေခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်တွေကမှ အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒတွေ၊ တောင်းဆိုမှုတွေ ကို တည်ငြိမ်အောင် ထိန်းထားနိုင်မယ်လို့ ယူဆတဲ့ ဝါဒကိုတော့ Republicanism လို့ခေါ်တာပါ။ (ဒါဆို စာဖတ်သူအနေနဲ့ ဘာကြောင့် မြန်မာနိုင်ငံကို The Republic Of the Union of Myanmar လို့ ခေါ်တယ်ဆိုတာ နားလည်ပြီထင်ပါတယ်။ ) အမေရိကန်ပြည်ထောင်စုကို သူတို့ရဲ့ ဖခင်ကြီးတွေက Democratic ထက်စာရင် Republic လို့ ပိုပြီး ပြောချင်ခဲ့ကြတယ်။ သို့သော် လက်ရှိ အမေရိကန်ပြည်ထောင်စုကို Democratic Republic လို့ ပြောမှ မှန်မှာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့ကြတဲ့ အစိုးရစနစ်တိုင်းဟာ နောက်ဆုံးမှာ အာဏာရှင် စနစ်ကို ပြန်လည်ရောက်ရှိသွားကြတာပဲဖြစ်ပြီး ဒီလိုပုံစံမျိုးကို မရောက်ဖို့ က သူတို့အတွက် အရေးကြီး ကိစ္စရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ဦးတစ်ယောက်တည်းရဲ့ သြဇာ တိက္ကမ လွှမ်းမိုးလာတဲ့အခါမှာ လူနည်းစုပြည်သူတွေရဲ့ မွေးရာပါအခွင့်အရေးတွေ ထိခိုက်မယ်၊ ဆန့်ကျင်ဖက်အမြင်တွေကို ချိုးနှိမ်ခံရနိုင်တယ်ဆိုတာကို Founding Fathers တို့က ထည့်သွင်းစဥ်းစားခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရကို လုပ်ပိုင်ခွင့် ကန့်သတ်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ဝင်ရောက်လာခဲ့ကြပါတယ်။ ဒီလို ကန့်သတ်ခြင်းကို Limited Government လို့ ခေါ်တယ်ပေါ့ဗျာ။ အဲ့တော့ ဘာတွေနဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ကြသလဲဆိုတော့ စည်းမျဥ်းဥပဒေတွေ (Rule of Laws) ဖြစ်ကြတဲ့ Consitution (ဖွဲ့စည်းပုံအခြေခံ ဥပဒေ) ၊ Bill of Rights လို့ခေါ်တယ် အခွင့်အရေး စစ်တမ်း စတာတွေနဲ့ အစိုးရရဲ့ အာဏာတွေကို ကန့်သတ်ခဲ့ကြတယ်။ ဒီလိုကန့်သတ်ကြတဲ့ နေရာမှာ အတွေးအခေါ်အမျိုးမျိုး ငြင်းခုန်မှု အမျိုးမျိုးတွေနဲ့ နှစ်ပေါင်းအတော်ကြာ ဆောင်ရွက်ခဲ့ကြရပါတယ်။ ပြောချင်တာကတော့ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေနဲ့ ကိုယ့်ပြည်သူတွေ မွေးရာပါ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ အချိန်ကြာမြင့်စွာ အတွေးအခေါ်ပေါင်းများစွာနဲ့ ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ကြတာပါ။ ဒါဟာ ၁၈ ရာစုကတည်းက စတင်ခဲ့တဲ့ အခြေအနေတစ်ရပ်ပါ။ အကြောင်းကလည်း သူတို့အပေါ်ဖိနှိပ်ခဲ့တဲ့ အာဏာရှင် ဗြိတိသျှ တို့ကို အလွန်နာကျည်းခဲ့ခြင်းကြောင့်သာ။ ဒီမိုကရေစီအကြောင်းကို ဆက်ရှင်းမယ်ဆိုရင်တော့ အများကြီး ရှိနေဦးမှာဖြစ်ပါတယ်။
www.k2kknowledgebank.com/demo...

Опубликовано:

 

11 сен 2020

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 17   
@kohla5081
@kohla5081 3 года назад
ကျေးဇူးပါ။
@k2kknowledgebank
@k2kknowledgebank 3 года назад
အားပေးတာကျေးဇူးပါ
@luluzin601
@luluzin601 Год назад
ပိုကျယ်ကျယ်ပြန့်ပြန့်သိချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်
@jaxson9185
@jaxson9185 2 года назад
ဘယ်လိုလူတွေတက်တက်လူစိတ်ကအမြဲပြောင်းနေတော့နိုင်ငံပြည်သူကသာနောက်ဆုံးခံရတာဘဲ၊နိုင်ငံတိုးတက်တဲ့အောင်လုပ်ရင်းပြည်သူစိတ်ချမ်းသာမှာဘဲ၊အာဏ္ဍာလုစီပွားရှားတဲ့လူနေရှိနေသ၍နိုင်ဂံကနလန်းမထူးတော့ပါဘူး
@k2kknowledgebank
@k2kknowledgebank 2 года назад
နလန်ထူဖို့ တူတူကြိုးစားကြရအောင်။
@myochitmin6620
@myochitmin6620 Год назад
အမေရိကန် ဒီမိုကရေစီ ပါတီနှစ်ခု... တယောက်ဆင်း တယောက်တက်.... ဘယ်ပါတီတက်တက် တကမ္ဘာလုံး သူ့သြဇာခံဘို့ပြင်ထား....အမေရိကန် ဖတ်လေ😅
@aungthu3890
@aungthu3890 Год назад
ဒီမိုကရေစီဆိုသည်မှာဥပမာ တန်းစီနေရတဲ့နေရာ မှာသမ္မတကဆေးရုံရက်ချိန်းရှိလို့ပဲလာလာသူအလှည့်မရောက်သေးရင်ဆရာဝန်က ဟိုကဆင်း ရဲလို့ဆိုပြီးသမ္မတပါဆိုပြီးသူအလှည့်မဟုတ်ပဲ ဆရာဝန်ကဖားပြီးခေါ်လို့မရဘူး သူကိုမခေါ်လို့ ဆရာဝန်ကိုတရားစွဲပိုင်ခွင့်နိုင်ငံတော်အကြည်ည်ုပျက်မှု ဆိုပြီးစွပ်စွဲလို့မရတာကဒီမိုကရေစီပဲ
@myochitmin6620
@myochitmin6620 9 месяцев назад
ဒီမိုကရေစီ ဆိုတာ ကိုယ်ထင်ရာ ကိုယ်ပြောလို့ရတယ်....သမတကလဲထင်ရာပြောဆိုလို့ရသလို... ပြည်သူလူထုကလည်း ထင်ရာပြောဆိုခွင့်ရတယ်😅သမတကြီး ထရန့် လက်ထက်မှာပိုထင်ထင်ရှားရှားသိလာရတယ်😇😇😁လျှာတွေလိပ်သွားအောင်...ပါးစပ်ထဲ စိတ်ထဲရှိသမျှ...တွေ့ကရာရှောက်တာပြော😘😇
@user-eo5vp7di4cဉီစောမွန်အောင်
ကမ္ဘာတည်စလူမှုပြန်ပွာရေဆိုတာကမ္ဘာဉီကကျေဇူရှင်ဆရာတွေကျေဇူဆပ်မယ်ဆိုရင်ဖေန်ပုတ်ချခြင်ခွင်ရေယူခြင်ကို့ဒုက္ခချပြခြင်သူတပါထိပါမှုပြောဆိုကင်ခြင်နဲ့တန်တူမေတ္တာနဲ့ကမ္ဘာဉီကကျေဇူရှင်ဆရာတွေလူဉီရေပြန်ပွာရေခက်ခက်ခဲခဲနဲ့လူသာတိုင်ကျင့်ရမယ်တရာယ္ခုကမ္ဘာလူဉီရေမျာလာပြီကျေဇူတရာမေခဲ့တာကမ္ဘာကကျေဇူတရာထမ်ထာတယ်ဆိုတာလူသာတိုင်မမေ့သင့်ကမ္ဘာအလှကျေဇူတရာကသဘာဝတရာလူတို့ရဲ့အကျင့်တရာကဆိုတာမမေ့သင့်
@k2kknowledgebank
@k2kknowledgebank 2 месяца назад
ဆွေးနွေးပေးတာကျေးဇူးပါ။​
@user-eo5vp7di4cဉီစောမွန်အောင်
အချစ်မိတ်ဆွေအသိမှတ်ပြုပေတာကျေဇူပါ
@user-eo5vp7di4cဉီစောမွန်အောင်
ကျေဇူရှင်မိတ်ဆွေဖြူစင်သောစိတ်ပရဟိတစိတ်အသိပညာအတတ်ပညာကူညီတာပိတိသုခစိတ်ချမ်သာ၏ကျေဇူတင်ပါ၏
@TharGyi-jf7or
@TharGyi-jf7or Месяц назад
မြန်မာပြည်မှာ ပြော ပြောနေကြတဲ့ဘုမသိဘမသိဒီမိုကရေစီတွေသိထားသင့်တယ်
@natshinnaung5395
@natshinnaung5395 2 года назад
PR စနစ်ရဲ့ အားသာချက် နဲ့ အားနည်းချက်​တွေ သိလိုပါတယ်။
@k2kknowledgebank
@k2kknowledgebank 2 года назад
တင်ဆက်ပေးပါ့မယ်ခဗျာ။
Далее
ПАПА ГАМБУРГЕР
00:13
Просмотров 120 тыс.
OG Buda - Сделай Мне Приятно Щас
02:24
ဖက်ဒရယ်ဆိုတာ ဘာလဲ?
5:01
ПАПА ГАМБУРГЕР
00:13
Просмотров 120 тыс.