Тёмный

မုန်တိုင်းသတိပေးချက် 

PVTV Myanmar
Подписаться 518 тыс.
Просмотров 31 тыс.
50% 1

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုန်းမုန်တိုင်း MOCHA နဲ့စပ်လျဉ်းပြီး သတိပြုရမယ့်အချက်တွေကို ထပ်မံ အသိပေးပြောကြားလိုပါတယ်
ခန့်မှန်းချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဆင့်မှ အားကောင်းသော မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံကိုကိုးကျွန်းရဲ့ အနောက်တောင်ဘက် မိုင် (၆၅၀)ခန့်မှာ တည်ရှိနေပါတယ်။ အဆိုပါအားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်း (MOCHA - အမည်ပေးနိုင်သောအဆင့်) အဆင့်သို့ ရောက်ရှိနိုင်ပါတယ်။
ခန့်မှန်းချက်တွေအရ မေလ (၁၂)ရက်နဲ့ (၁၄)ရက်အတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး MOCHA အဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်။ လေတိုက်နှုန်းမှာ မုန်တိုင်းဗဟိုချက်အနီးတွင် (၉၆)မိုင်မှ မိုင်(၁၁၀)ခန့်အထိ တိုက်ခတ် နိုင်ပါတယ်။
လက်ရှိခန့်မှန်းထားတဲ့ မုန်တိုင်းလမ်းကြောင်းအရ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ ဇုံတွေကတော့
ဇုံ (၁) အန္တရာယ်အများဆုံးဇုံ
ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း (မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်) စစ်တွေခရိုင် (စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်)
ဇုံ (၂) ဒုတိယအန္တရာယ်အများဆုံးဇုံ
ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်)
ဇုံ (၃) တတိယအန္တရာယ်အများဆုံးဇုံ
သံတွဲခရိုင် (ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (ရွှေသောင်ယံမြို့နယ်ခွဲ၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေဒေသများ) ဖြစ်ပါတယ်။
သတိပြုရန်အနေနဲ့
••••••••••••••
အန္တရာယ်ဇုံ (၃) ခုလုံးမှာ တူညီစွာကြုံတွေ့ရမယ့်အခြေအနေတွေကတော့ လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်း၊ မြေပြိုခြင်းနဲ့ ရေလွှမ်းခြင်း စတဲ့အန္တရာယ်တွေကြုံတွေ့နိုင်တာကြောင့် အထူးသတိပြု နေထိုင်ကြပါရန် နှိုးဆော်အပ်ပါတယ်။
သဘာဝဘေးနဲ့ပတ်သက်တဲ့ သတင်းတွေကို အများပြည်သူ အထိတ်တလန့် ဖြစ်စေရန် ချဲ့ကား ရေးသားခြင်းတွေမပြုကြဘဲ တတ်နိုင်သမျှတိကျမှန်ကန်တဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ရှု နားထောင်ပြီး တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်သင့်ပါတယ်။
ဒါ့အပြင် ဘေးအန္တရာယ်ရဲ့ အတိုင်းအဆနဲ့ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်မှုကိုလည်း ဉာဏ်မျက်စိ၊ ဉာဏ်နားတို့ဖြင့် သတိပြုသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။
#pvtv
#weatherforecast

Опубликовано:

 

10 май 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии : 27   
@FelixZware
@FelixZware Год назад
PVTVရေကျေးဇူးပါ၊ဘေးကင်းကြပါစေ၊စစ်ခွေးအားလုံးမပါ
@rwsccg7310
@rwsccg7310 Год назад
မိုချာနဲ့အတူ အာဏာရှင်စနစ် လွင့်ပါသွားပါစေ😅😅😅
@peacockstar7271
@peacockstar7271 8 месяцев назад
ကျေးဇူးပါမေမြို့
@yuwarswe8122
@yuwarswe8122 Год назад
ပြည်သူတွေ မုန်တိုင်းဘေးရန်မှ ကင်းစင်ကြပါစေ🙏🙏🙏💪💪
@user-xl9ez8jp1c
@user-xl9ez8jp1c Год назад
ကျေးဇူပါ
@htaylwin5915
@htaylwin5915 Год назад
PVTVရဲ့သတင်းပဲယုံတယ်.မကြာမကြာတင်ပေးပါ
@JimmySteffenHtaw
@JimmySteffenHtaw Год назад
ဘေးကင်းပါစေ၊ အောင်မြင်ပါစေ။
@sr.luanzamciin4045
@sr.luanzamciin4045 Год назад
thank you Pvtv for the update news.
@bagyishein1238
@bagyishein1238 Год назад
ပြည်သူအများဘေးကင်းလုံခြုံကျန်းမာစွာအာဟာရပြည့်ဝကြပါစေ🙏
@mawli4747
@mawli4747 Год назад
Thank you PVTV
@thannaingoo4297
@thannaingoo4297 Год назад
ဇုန်သုံးခုလုံးကပြည်သူတွေ မုန်တိုင်း အန္တရာယ်မှ လွတ်ကင်းချမ်းသာရာရကြပါစေ
@KoKo-tc2xi
@KoKo-tc2xi Год назад
ကျေးဇူးပါညီမရေ အားလုံးဘေးကင်းကြပါစေ🙏
@AungLwin-hg1lg
@AungLwin-hg1lg Год назад
သင်လည်းကျန်းမာပါစေ😊
@pyaesone5334
@pyaesone5334 Год назад
ကျေးဇူးပါအောင်မြင်ပါစေ
@tintinmar6051
@tintinmar6051 Год назад
ကျေးဇူးတင်ပါတယ်ရှင့်PVTVအဖွဲ့သားများအားလုံးလည်းဘေးအန္တရာယ်ကင်းကြပါစေ
@thinhmwe4843
@thinhmwe4843 Год назад
ဒို့ပြည်သူ‌တွေအားလုံးဘေးကင်းကြပါစေ
@kokoaung2649
@kokoaung2649 Год назад
ထက်ထက် ကျေးဇူးပါ❤❤❤
@utheinhtay9397
@utheinhtay9397 Год назад
Pvtvရေကျေးဇူးအထူးတင်ပါတယ်
@PhyuPhyuWin-qn8oy
@PhyuPhyuWin-qn8oy Год назад
❤❤❤
@b2a194
@b2a194 Год назад
အာဏာရှင်နှင့်အပေါင်းအပါများ ပါသွားပါစေ😂😂😂
@yumioomaw2537
@yumioomaw2537 Год назад
nug pvtvဘေးကင်းအောင်မြင်ပါစေ
@uwinko727
@uwinko727 Год назад
မြန် မြောင်ပိုင်းနဲ့ဝေးတော့ ယပ်ခတ်နေရတုံးဘ
@dawthankyi6600
@dawthankyi6600 Год назад
ဘေးကင်းကြပါစေ။
@user-to1nh3lg4l
@user-to1nh3lg4l 2 месяца назад
ဘာတွေဖင်ရားနေကြတာတုန်း
@uts9131
@uts9131 Год назад
နာ ကစ် သတိရတယ်
@user-xv6vi7ly7f
@user-xv6vi7ly7f Год назад
Go to the shelter. Cut the nose rope of bulls, bullocks , buffalo and cows . They also need to survive through Mocha cyclone! Run first,pray later.
@yumioomaw2537
@yumioomaw2537 Год назад
မအလကြီးနဂါးစာကျွေးယတရာကြီးကြောင့်မိုချာမုန်တိုင်းကြီးမကွေ့မဝိုက်လာပါပီ
Далее
Базовый iPhone 16
00:38
Просмотров 317 тыс.
Базовый iPhone 16
00:38
Просмотров 317 тыс.