အာဏာသိမ်းမှုအရေး ဖြေရှင်းဖို့ ကြားကနေ ကြိုးပမ်းမယ်ဆိုတဲ့ ခွန်ထွန်းဦး
ချစ်မင်းထွန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း မဲစာရင်းများ ထပ်နေခြင်း၊ ပိုနေခြင်းဆိုသည့်အပေါ် အငြင်းပွားကာ တပ်မတော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)သို့ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကြား ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေသည့် အခါ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပမည့် နေ့မှာပဲ အာဏာသိမ်းလိုက်သည်။
ထိုအာဏာသိမ်းမှုကြောင့် အနာဂတ်ပျောက်မည်ကို စိုးရိမ်သည့် လူငယ်များနှင့် လူကြီး သူမများက အာဏာ သိမ်းမှုအပေါ် ဆန့်ကျင် ကန့်ကွက်မှုများ တစ်နိုင်ငံလုံးတွင် ဆောင်ရွက်နေကြသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး သမာသမတ်ကျပြီး အလယ်ကနေ ရပ်တည်၍ ကြားဝင် စေ့စပ် ညှိနှိုင်းပေးရန် ၈၈ ကျောင်းသား ခေါင်းဆောင်မှသည် ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဦးကိုကိုကြီး၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး၊ အောက်စဖို့ဒ် ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ကာဒီနယ်ချားဘို အပါအဝင် တခြားသော သမာသမတ်ကြသည့် ပုဂ္ဂိုလ် များ စုစည်းကာ ဖြေရှင်းရေး ကြိုးပမ်းနေကြောင်း သိရသည်။
အဆိုပါ ကြားဝင် စေ့စပ်ညှိနှိုင်းပေးရန် မေတ္တာရပ်ခံခြင်း ခံထားရသူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦးကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
#Mizzima
#MizzimaExclusiveInterview
#KhunTunOo
#ChitMinTun
=====================================
🔔 Please SUBSCRIBE Mizzima TV channel for Daily Update News and Entertainment TV programs.
✅ Visit to our Official website: www.mizzimaburmese.com
✅ Mizzima TV Application FREE download : bit.ly/30qmeCn
✅ Follow us on our Facebook
Mizzima News in Burmese : / mizzimadaily
Mizzima TV : / mizzimatvchannel
6 фев 2021