Тёмный

COVID-19 Information Burmese (Page 6) 

NRC-RIM
Подписаться 537
Просмотров 48
50% 1

ပြန်လည်နေရာချထားခြင်းမတိုင်မီ COVID-19 ကာကွယ်ဆေးထိုးပါ။ United States သို့ သွားရောက်သည့်အခါ (Moderna, Pfizer သို့မဟုတ် Novavax ကဲ့သို့သော) two-shot ၂လုံးထိုး ကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးထားခြင်းအားဖြင့် သိုမ့ဟုတ် (Johnson & Johnson ကဲ့သို့သော) one-shot တစ်လုံးထိုး ကာကွယ်ဆေး တစ်ကြိမ်ထိုးထားခြင်းအားဖြင့် သင်နှင့် သင့်ဝန်းကျင်ရှိ အခြားသူများအား COVID-19 မှ ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ခရီးသွားလာခြင်းနှင့် ပြန်လည်နေရာချထားရေးတွင်လည်း ကြန့်ကြာမှုမရှိအောင် ကူညီပေးပါလိမ့်မယ်။
ထပ်ဆောင်း boosters ကာကွယ်ဆေးများထိုးပြီး COVID-19 ကူးစက်ခြင်းမှ ကာကွယ်ပါ။ နောက်ဆုံးပေါ် COVID-19 ကာကွယ်ဆေးများအကြောင်း အမြဲတမ်းနားစွင့်နေရန် အရေးကြီးပါတယ်။ ကာကွယ်ဆေးများကို သူ့အချိန်အတိုင်း အသစ်ထိုးထားပါက သင်သည် COVID-19 ကြောင့် အပြင်းအထန်ဖျားနာခြင်း၊ ဆေးရုံတက်ကုသရခြင်း သို့မဟုတ် အသက်အန္တရာယ်စသည်တို့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ နောက်ဆုံးပေါ်ဆေးကို ထိုးထားခြင်းဆိုသည်မှာ နှစ်ကြိမ်ထိုးရသော ကာကွယ်ဆေးအတွက် နှစ်ကြိမ်စလုံး ထိုးပြီးခြင်းနှင့် အကျုံးဝင်မှုအလိုက် ထပ်ဆောင်းထိုးခြင်း (booster shot) ဖြစ်သည်။
သင်သည် ကာကွယ်ဆေး အကြိမ်ရေ အပြည့်ထိုးပြီးနောက် COVID-19 ကူးစက်ခြင်းကို ဆက်လက်ကာကွယ်စေရန် ထပ်မံထိုးရသော ထိုးဆေးများကို နောက်ဆက်တွဲကာကွယ်ဆေးများ (Boosters)ဟု ခေါ်သည်။ (Moderna, Pfizer သို့မဟုတ် Novavax ကဲ့သို့သော) ၂လုံးထိုးရသည့် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးပြီးနောက် သိုမ့ဟုတ် (Johnson & Johnson ကဲ့သို့သော) တစ်လုံးထိုးရသည့် ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးနောက် လအနည်းငယ်တွင် ထပ်ဆောင်း booster ကာကွယ်ဆေးကို ထိုးသင့်ပါတယ်။

Опубликовано:

 

22 мар 2023

Поделиться:

Ссылка:

Скачать:

Готовим ссылку...

Добавить в:

Мой плейлист
Посмотреть позже
Комментарии    
Далее
Video 7: Meal Planning (Dari)
5:54
Просмотров 287
COVID-19 Information Burmese (Page 7)
3:05
Выпускаем трек? #iribaby
00:14
Просмотров 442 тыс.
Video 7: Meal Planning (Pashto)
5:50
Просмотров 345
Выпускаем трек? #iribaby
00:14
Просмотров 442 тыс.